စက်သုံးဆီအခက်အခဲကြောင့် ငွေဆောင်နဲ့ချောင်းသာသွား ကားလက်မှတ်ခ ဈေးနှုန်းတွေ တိုးမြှင့်သတ်မှတ်လိုက် ပေမယ့် ခရီးသွားတွေကတော့ ပုံမှန်သွားလာနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပုသိမ်မြို့ကနေ ငွေဆောင်နဲ့ချောင်းသာကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဥ်တွေ ဆီရရှိမှုအခက်အခဲရှိတာကြောင့် ကားခစျေးနှုန်း တွေတိုးမြှင့် သက်မှတ်လိုက်တာ ဖြစ်ပါတယ်။အခုရက်ပိုင်း ဆီအခက်အခဲကြောင့် ကားခဈေးတက်ပေမဲ့ ခရီးသွားအေဂျင်စီတွေနဲ့ ချိတ်ဆက်လာနေကြတာများ တယ်လို့ ငွေဆောင်ဒေသခံ ကိုဝေလင်းထွဋ်က ပြောပါတယ်။ လက်ရှိအခြေအနေအရ ကားတစ်ခေါက်ထွက်ဖို့ အတွက် ဆီဆိုင်(၅)ဆိုင်လောက် တိုးဝယ်မှ တစ်ခေါက် ထွက်နေ ရတာဖြစ်တယ်လို့ ရွှေတိုး ငွေဆောင်-ပုသိမ် ကားဂိတ်မှ ဂိတ်မှူး ကိုကျော်စိုးမင်းက ပြောပါတယ်။ ကုန်စျေးနှုန်းတွေက မြင့်တက်နေတော့ အစစအရာစျေးကြီးနေပြီး ကားခအပါအဝင် ဟိုတယ်ခ၊ တည်ခိုခန်းခတွေ ပါ ဈေးတက်နေသလို ကန်းခြေကနေ သဲဖြူကွင်းကို စပိဘုတ်နဲ့သွားမယ်ဆိုရင် တစ်ယောက်ကို ကျပ်နှစ်သောင်း၊ ရိုးရိုးလေးနဲ့ဆို ခုနစ်ထောင်၊ ဘောကွင်းတကွင်းငှားခ ငါးထောင်၊ မိသားစုစီးဘောကွင်းငှားခ တစ်သောင်းထိ ဈေးတွေမြင့်တက်နေပေမဲ့ နွေရာသီကျောင်းပိတ်ရက်မို့ ခရီးသွားတွေ မပြတ်ရှိနေတာ ဖြစ်နိုင်တယ်လို့လည်း ရန်ကုန်ကနေ သွားရောက်အပန်းဖြေသူ ဦးသန့်ဇင်က ပြောပါတယ်။
Mar 27 • 1:33 AM
Myanmar
Local
Share
| 20 | 0 | 0 | 0 |


