ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း စက်သုံးဆီသုံးယာဉ်များဖြစ်တဲ့ မော်တော်ကားနဲ့ ဆိုင်ကယ်များမောင်းနှင်ခွင့်ပိတ်ပင်လိုက်ပြီး လိုက်နာမှုမရှိရင် အရေးယူမယ်လို့ဆိုပါတယ်။ မနေ့က မတ်လ ၂၆ ရက်နေ့က ဖမ်းဆီးထားတဲ့ယာဉ်များကို အောင်နန်းရပ်ကွက် အမှတ် (၁) ရဲစခန်းတွင် ပညာပေးကာလမို့ သတိပေးတာဖြစ်ပြီး လာမယ့်အပတ်ဗုဒ္ဓဟူးနေ့မှာ စတင်ဖမ်းဆီးမှာဖြစ်ကြောင်းသိရပါတယ်။ဒါပေမယ့် EV (လျှပ်စစ်)ကားနဲ့ EV ဆိုင်ကယ်တွေကိုတော့ ကင်းလွှတ်ခွင့်ပေးတယ်လို့ ဆိုပါတယ်။



