၂၇.၃.၂၀၂၆ ရက်ယနေ့၊ ၀၃နာရီ ၁၅ မိနစ်အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ (၂)ရပ်ကွက်၊ (၅၄)လမ်းနှင့်အနော်ရထာလမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါမီးေလာင်ကြောင်း သတင်းရရှိသဖြင့် ပုဇွန်တောင်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၃ နာရီ၁၉ မိနစ်အချိန် မီးငြိမ်းပါသည်။



