back

မီဇိုရမ်မှ ရခိုင်သို့ စက်သုံးဆီ ရောင်းချတင်သွင်းခွင့် ၂ လပိတ်ပင်

Mar 26 • 4:24 PM

breaking-news

Myanmar

Rakhine

cover

မီဇိုရမ်မှ ရခိုင်သို့ စက်သုံးဆီ ရောင်းချတင်သွင်းခွင့် ၂ လပိတ်ပင်

မတ် ၂၀ ရက်က စပြီး ရခိုင်ကုန်သည်တွေ အဓိက စက်သုံးဆီ ဝယ်ယူနေကြတဲ့ နယ်စပ်မြို့တွေဖြစ်တဲ့ ဆိုင်းဟာနဲ့ လုံးလေ ခရိုင်အတွင်းက မြန်မာနိုင်ငံဘက်ကို ခွင့်ပြုချက်မဲ့ စက်သုံ...

မတ် ၂၀ ရက်က စပြီး ရခိုင်ကုန်သည်တွေ အဓိက စက်သုံးဆီ ဝယ်ယူနေကြတဲ့ နယ်စပ်မြို့တွေဖြစ်တဲ့ ဆိုင်းဟာနဲ့ လုံးလေ ခရိုင်အတွင်းက မြန်မာနိုင်ငံဘက်ကို ခွင့်ပြုချက်မဲ့ စက်သုံးဆီ ရောင်းချမှုနဲ့ သယ်ယူမှုတွေကို ၂ လ ပိတ်ပင်လိုက်ပြီး လိုက်နာမှုမရှိပါက ၂၀၂၃ ခုနှစ်က အတည်ပြုထားတဲ့ BNSS ပုဒ်မ ၁၆၃ အရ အရေးယူသွားမယ်လို့လည်း ခရိုင်တရားရုံးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက လက်မှတ်ထိုးပြီး အမိန့်စာ ထုတ်ပြန်ထားပါတယ်။အရှေ့အလယ်ပိုင်းမှာ အီရန်-အမေရိကန် စစ်ပွဲဖြစ်ပွားပြီးနောက် တကမ္ဘာလုံး စက်သုံးဆီ ပြတ်လပ်မှုရင်ဆိုင်နေကြရလို့ မီဇိုရမ်ပြည်နယ်က ခရိုင်တွေမှာလည်း စက်သုံးဆီပြတ်တောက်မှု မရှိစေဖို့အတွက် ပြည်ပနိုင်ငံတွေကို စက်သုံးဆီ ဖြန့်ဖြူးရောင်းချမှုနဲ့ တရားမဝင် ကုန်သွယ်မှုတွေကို တားဆီးဖို့ရည်ရွယ်ပြီး ထုတ်ပြန်လိုက်တာလို့ တရားရုံးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။အခု အမိန့်ထုတ်ပြန်ချက်တွေဟာ မတ် ၂၀ ရက်မှ ၂၀ ရက်အထိ အကျုံးဝင်ပြီး ခရိုင်အတွင်း စက်သုံးဆီ သိုလောင်ခွင့်မရှိတဲ့သူတွေ အနေနဲ့လည်း ဓာတ်ဆီ လီတာ ၅၀၀ နဲ့ ရေနံဆီ လီတာ ၁,၀၀၀ ထက်ပိုပြီး သိမ်းဆည်းထားခွင့် မရှိဘူးလို့ ဆိုင်းဟာခရိုင် အုပ်ချုပ်ရေးမှူးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



news-view-count-icon

5