မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မယ်လှတောင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၆၅၄ (မြင်းကင်းကွင်း)၊ ၂၀ ဧက မြေဧရိယာတွင် အဆင့်မြင့်အိမ်ရာစီမံကိန်းအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းစနစ် (Expression of Interest – EOI) ဖြင့် စိတ်ပါဝင်စားတဲ့ မြန်မာနိုင်ငံသား လုပ်ငန်းရှင်/ကုမ္ပဏီများအား ဖိတ်ခေါ်ထားပါတယ်။စိတ်ပါဝင်စားသူများသည် မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ ဧပြီ ၂၈၊ ၂၀၂၆ ရက်နေ့၊ ညနေ ၄:၀၀ နာရီအထိ EOI လျှောက်လွှာများ တင်သွင်းရမှာဖြစ်ပြီး၊ လျှောက်လွှာနှင့်အတူ လုပ်ငန်းမှတ်ပုံတင်၊ လုပ်ငန်းအတွေ့အကြုံစာရင်း၊ ဆက်သွယ်ရန်အချက်အလက်များ စသည်တို့ကို တင်ပြရမှာဖြစ်ပါတယ်။EOI အဆိုပြုလွှာပုံစံနှင့် လမ်းညွှန်ချက်များကို မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာဌာနခွဲတွင် မတ် ၂၅ မှ ဧပြီ ၂၄၊ ၂၀၂၆ အတွင်း ရုံးချိန်အတွင်း ဝယ်ယူနိုင်တယ်လို့သိရပါတယ်။



