မွန်ပြည်နယ်၊မော်လမြိုင်နှင့် ပတ်ဝန်းကျင်မြို့များရှိ လာဘ်ငွေမရသော လစာနည်းဝန်ထမ်းတို့မှာ စက်သုံးဆီအခက်အခဲကြောင့် နေ့စဉ်ရုံးမတက်နိုင်တော့ကြောင်း သိရသည်။စက်သုံးဆီကို အချိန်ကြာမြင့်စွာ တန်းစီဝယ်နေရသဖြင့် အချိန်ကုန်နေခြင်းနှင့် ဆီမလောက်ဌခြင်းတို့ ကြောင့် နေ့စဉ်ရုံးမတက်နိုင်ခြင်းဖြစ်ပြီး ဌာနဆိုင်ရာအကြီးအကဲများကလည်း နားလည်မှုပေးထားကြ ကြောင်း မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးထံက သိရသည်။ယနေ့(မတ်၂၆ရက်)မော်လမြိုင်မြို့စက်သုံးဆီရည်ညွှန်းဈေးမှာ ဓာတ်ဆီ(92)တစ်လီတာ ၃၇၆၅ကျပ်၊ ဓာတ်ဆီ(95)၃၉၉၅ကျပ်၊ ဒီဇယ် ၄၉၉၀ကျပ်နှင့် ပရီမီယံဒီဇယ် ၅၀၃၀ကျပ် ဖြစ်သည်။



