မကွေးတိုင်းအတွင်းက တင်သွင်းခွင့်လိုင်စင် ရရှိပြီးဖြစ်တဲ့ မော်တော်ယာဉ်တွေအတွက် ကနဦး မှတ်ပုံတင်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်ပေးမှာဖြစ်ပြီး သတ်မှတ်ရက်အတွင်း အချိန်မီ ဆောင်ရွက်ခြင်းမပြုပါက တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူသွားမှာ ဖြစ်တယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က အသိပေးထားပါတယ်။ကုန်သွယ်ရေးဦးစီးဌာနရဲ့ တင်သွင်းခွင့်ပြုချက်နဲ့ အကောက်ခွန်ဦးစီးဌာနတို့မှာ အခွန်တွေပေးဆောင်ကာ မြန်မာနိုင်ငံအတွင်း တင်သွင်းရောက်ရှိပြီးတဲ့ ယန္တရားယာဉ်တွေနဲ့ လုပ်ငန်းသုံး မော်တော်ယာဉ်တွေဟာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှာ ကနဦးမှတ်ပုံတင် ဆောင်ရွက်ရမှာ ဖြစ်ပေမယ့် မှတ်ပုံတင် ဆောင်ရွက်ခြင်းမရှိဘဲ အသုံးပြုနေတာတွေ ရှိနေတယ်လို့ သိရပါတယ်။ဒါကြောင့် ကုန်သွယ်ရေးဦးစီးဌာနက ၂၀၁၈ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားတဲ့ ယာဉ်တွေအနေနဲ့ လာမယ့် ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီးလည်းကောင်း၊ ၂၀၁၉ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ထုတ်ပေးထားတဲ့ ယာဉ်တွေအနေနဲ့ မေ ၃၁ ရက်နေ့ နောက်ဆုံးထားပြီးလည်းကောင်း မှတ်ပုံတင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒအဲဒီလိုပဲ ၂၀၂၀ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားတဲ့ ယာဉ်တွေဟာလည်း ဇွန် ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ကနဦး မှတ်ပုံတင်ခြင်း လုပ်ငန်းတွေ ပြီးပြတ်အောင် ဆောင်ရွက်ကြရမှာဖြစ်ပြီး သတ်မှတ်ကာလ ကျော်လွန်ပါက အဲဒီ လုပ်ငန်းစဥ်တွေကို ဆောင်ရွက်ပေးတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။



