back

မန္တလေးမှာ အင်အား ၄.၂ အဆင့်ရှိငလျင်လှုပ်ခတ်ပြီး ပြည်သူများ သိသိသာသာခံစားရ

Mar 26 • 1:47 PM

breaking-news

Myanmar

Mandalay

breaking-news
cover

မန္တလေးမှာ အင်အား ၄.၂ အဆင့်ရှိငလျင်လှုပ်ခတ်ပြီး ပြည်သူများ သိသိသာသာခံစားရ

မန္တလေးမှာ ဒီကနေ့ည ၇ နာရီ ၃၇ မိနစ်လောက်မှာပဲ အင်အားအသင့်အတင့်ရှိတဲ့ငလျင်တခုလှုပ်ခတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။မြေငလျင်စင်တာတွေကတော့ မန္တလေးမြို့အနီး မြေအောက် ...

မန္တလေးမှာ ဒီကနေ့ည ၇ နာရီ ၃၇ မိနစ်လောက်မှာပဲ အင်အားအသင့်အတင့်ရှိတဲ့ငလျင်တခုလှုပ်ခတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။မြေငလျင်စင်တာတွေကတော့ မန္တလေးမြို့အနီး မြေအောက် ၆.၂ မိုင် မှာဗဟိုပြုပြီး အင်အား ၄.၂ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒီငလျင်လှုပ်ခတ်မှုကိုမန္တလေးတင်မကပဲ ပြင်ဦးလွင်ကဒေသခံတွေပါသိသိသာသာခံစားလိုက်ရတယ်လို့ဆိုပါတယ်။မိုးဇလ၏ ထုတ်ပြန်ချက်အရ ငလျင်မှာ နောက်ဆက်တွဲငလျင်ဖြစ်ပြီး ရစ်ချ်တာစကေး ၄ ဒသမ ၃ အဆင့်ရှိသည်ဟု ဖော်ပြထားသည်။ယင်းငလျင်မှာ အနက် ၁၂ ကီလိုမီတာ မန္တလေးတိုင်း ဒေသကြီး မဟာအောင်မြေမြို့နယ်၏ အရှေ့ဘက် နှစ်မိုင်ခန့်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့ သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။


news-view-count-icon

18