ရှမ်းပြည်နယ် အရှေ့ပိုင်း "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ အလုပ်သွားလုပ်သူများ၊ ခရီးသွားသူများ ဆီရရှိမှု အခက်ခဲကြောင့် မြို့တွင်း အသွားအလာအလွန်းနည်းပါးကာ ကုန်ပစ္စည်းရောင်းသူများ အခက်အခဲဖြစ်နေသည်။လက်ရှိတွင် တရုတ်ငွေ(၁၀၀)ကို မြန်မာကျပ် (၆)သောင်း ဝန်းကျင်ရှိပြီး 92 တစ်လီတာကို တရုတ်ယွမ်(၁၀)၊ ကားကို အများဆုံး တရုတ်ယွမ် (၁၀၀)သာ ထည့်ပေးပြီး ပုံးဖြင့်လာဝယ်သူများကိုလည်း ဆီမရောင်းပေးတော့ကြောင်း သိရသည်။"၀"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် စုံ/မ နံပါတ်ပြားဖြင့် ကန့်သတ်စစ်ဆေးခြင်း မရှိသော်လည်း ဆီရှားပါးမှု ပြဿနာ ဆီစျေးတက်မှု၊ အကန့်အသတ်ဖြင့်သာ ရောင်းချပေးမှုကြောင့် တန်းစီဝယ်ယူသူများ ရှိနေကြောင်း သိရသည်။



