ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့ အင်းလေး ဒေသတွင် ဒီဇယ်ဆီ တစ်ဂါလံ ၃၈,၀၀၀ ဝယ်ရပြီး၊ ဆီဆိုင်မှ ပုံးအရေအတွက်ဖြင့်မရောင်းပေးသဖြင့် အပြင်မှဂါလံနှင့် ဝယ်ရသည့်အခြေအနေရှိနေသည်။ ခရီးစဉ်တွင် ဘုရားသုံးနေရာ၊ အမှတ်တရပစ္စည်းဆိုင်နှင့် ရက်ကန်းရုံ သုံးနေရာ အများဆုံး (၆)နေရာအထိ သယ်ပို့ခြင်းဖြင့် ဆောင်ရွက်နေပြီး၊ သယ်ယူပို့မှုအတွက် ဈေးအနည်းဆုံး တစ်သိန်းကျော် ဖြစ်နေသည်။စက်သုံးဆီရရှိရရန် အခက်အခဲများသည်လက်ရှိအချိန်ထိရှိနေသေးသော်လည်း ခရီးသွားများ အရေအတွက်သည် ပုံမှန်အတိုင်း ရှိနေပြီး၊ စက်လှေဝန်ဆောင်မှုအရည်အသွေးကို ထိန်းသိမ်းဆောင်ရွက်နေကြောင်း သိရသည်။



