back

တောင်ကြီးတွင် ယခုနှစ် စတော်ဘယ်ရီအထွက်နည်း၍ စိုက်ပျိုးသူများအခက်တွေ့

Mar 26 • 1:33 PM

breaking-news

Myanmar

Shan

cover

တောင်ကြီးတွင် ယခုနှစ် စတော်ဘယ်ရီအထွက်နည်း၍ စိုက်ပျိုးသူများအခက်တွေ့

ရှမ်းပြည််နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ယခုနှစ်စတော်ဘယ်ရီသီး အထွက်နှုန်းသိသိသာသာကျဆင်းလာသောကြောင့် စိုက်ပျိုးသူများ အခက်အခဲဖြစ်နေသည်။စတော်ဘယ်ရီဝယ်ယူသူများ ...

ရှမ်းပြည််နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ယခုနှစ်စတော်ဘယ်ရီသီး အထွက်နှုန်းသိသိသာသာကျဆင်းလာသောကြောင့် စိုက်ပျိုးသူများ အခက်အခဲဖြစ်နေသည်။စတော်ဘယ်ရီဝယ်ယူသူများ ရှိနေသော်လည်း အသီးအထွက်နည်းသောကြောင့် လိုသလောက်မရောင်းပေးနိုင်တော့ကြောင်း သိရသည်။ယခင်နှစ်တွင် စတော်ဘယ်ရီသီးကို မိုးရာသီဝင်သည့်အချိန်ထိ ခူးရောင်းရကြောင်း၊ ယခုနှစ်တွင် နွေရာသီသာရှိသေးသော်လည်း အသီးထွက်နှုန်းသိသိသာသာလျော့နည်းလာသောကြောင့် အရင်းတောင်မကျေမှာကို စိုးရိမ်နေရကြောင်း ၎င်းကဆိုသည်။ပြီးခဲ့သည့်မတ်လ ၁၂ ရက်နေ့တွင်လည်း ဟိုပုံးမြို့နယ်နှင့် တောင်ကြီးမြို့နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးများကြွေခဲ့သောကြောင့် စတော်ဘယ်ရီစိုက်ခင်းအများအပြား ပျက်စီးသွားခြင်းများရှိခဲ့ကြောင်း သိရသည်။




news-view-count-icon

8