ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ရှိသောက်သုံးရေအခက်ခဲကြောင့် စစ်ရှောင်နေရသည့် ဗန်းမတ်ဒေသခံများ ကျန်းမာရေးထိခိုက်မှုများစွာရှိနေကြောင်း မတ်လ ၂၆ ရက်နေ့တွင် စစ်ရှောင်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ကျန်းမာရေးလုပ်သားတစ်ဦးထံမှ သိရသည်သောက်သုံးရေရှားပါးမှုကြောင့် ယားနာရောဂါ၊ ဌက်ဖျား၊ ရေကျောက်ရောဂါများ ဖြစ်ပွားနေကြောင်း သိရသည်။ယခုချိန် နွေရာသီ ရောက်သော်လည်း ဗန်းမတ်ဒေသစစ်ရှောင်များသည် ငှက်ဖျားရောဂါကိုပါ ခံစားနေကြရသည်။ ရောဂါခံစားရသူအများစုမှာ ကလေးငယ်များဖြစ်ပြီး တစ်ချို့သော ကလေးငယ်များသည် ရောဂါပြင်းထန်၍ တက်သည့်အဆင့်ပါ ခံစားနေရကြောင်းသိရသည်။



