ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင်လောင်စာဆီ ဝယ်မရတော့သဖြင့် ကြံစိုက်တောင်သူများ ရိတ်သိမ်းရန် ခက်ခဲခြင်း ၊ တစ်ပိုင်တစ်နိုင် ကြိတ်ခွဲ တင်လဲရည် ထုတ်ယူရန် အတွက် လောင်စာဆီ မရှိသဖြင့် လုပ်ငန်း မလည်ပတ်နိုင်ခြင်း တို့ကြောင့် ရပ်နားထားရကြောင်း သိရသည်။ အဓိက ဝယ်ယူနေသော မြဘုရင် သကြားစက်နှင့် ဟူပင်သကြားစက်ရုံကြီးတို့တွင် စာမေးပွဲပြီးနောက်ပိုင်း လျှပ်စစ်မီး ပုံမှန်မရတော့ခြင်း၊ လောင်စာဆီ ခက်ခဲခြင်းကြောင့် စက်ရုံပိတ်လိုက်ရပြီး ပန်ချာ သကြားစက်တစ်ရုံသာ ကျန်တော့ခြင်း ဖြစ်ကြောင်း သိရသည်။ထို့ပြင် လုပ်သား ရှားပါးခြင်း နှင့် လောင်စာဆီ ပြဿနာ တို့ကြောင့် ကြံစိုက်တောင်သူ များ မရိတ်သိမ်းနိုင်ဘဲ ကျန်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။



