ရန်ကုန်မြို့၊ တာမွေမြို့နယ် သံသုမာလမ်းမမှာ စက်သုံးဆီတန်းစီနေတဲ့ ကားတစ်စီး မီးလောင်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။မီးလောင်မှုက ဒီနေ့ (မတ်၂၆) ညနေ ၄နာရီခွဲလောက်မှာဖြစ်ခဲ့ပြီး ကားတစ်စီးလုံးနီးပါးမီးလောင်သွားတယ်လို့ အဲဒီ့နေရာအနီးမှာနေထိုင်သူတစ်ဦးက ဗီဒိယိုဖိုင်တင် ထားပါတယ်။ဒီအကြောင်းအရာကို မီးသတ်တပ်ဖွဲ့ကတော့ ညနေ ၅နာရီလောက်မှာ မီးလောင်မှုဖြစ်ခဲ့ပြီးမီးလောင်ချိန် ၂မိနစ်ပဲကြာခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။



