ချင်းပြည် လောက်တူဒေသ ဘွေနူးမြစ်ထဲ တားမြစ်ကိရိယာနဲ့ ငါးဖမ်းတဲ့ဒေသခံပြည်သူ ၄ ဦးကို ကျပ်ငွေ ၁၀ သိန်း ဒဏ်ငွေချမှတ်ပြီး အရေးယူထားတယ်လို့ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဘွေနူမ်းမြစ်ထဲ ဘက်ထရီသုံးဒိုင်နမိုနဲ့ ငါးဖမ်းတဲ့ ပုဂ္ဂိုလ် ၂ ဦး နဲ့ ပါဝင်ပတ်သက်သူ ၂ ဦး စုစုပေါင်း ၃ ဦး ကို မတ်လ ၂၄ ရက်နေ့က ပထမအကြိမ်ပညာပေးတဲ့အနေနဲ့ ငွေဒဏ်ကျပ် ၁၀ သိန်းဖြင့်အရေးယူ ထားပြီး ငါးဖမ်း ကိရိယာ ဒိုင်နမိုကိုလည်းသိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။ ဒဏ်ခတ်မှုကနေရရှိတဲ့ငွေကျေးကို လမ်းပြုပြင်ရေးမှာ ထည့်သွင်းအသုံးပြုသွားမယ်လို့ဆိုပါတယ်။



