back

ရန်ကုန်လေထုအရည်အသွေးကို အချက်အလက် (၆) မျိုးဖြင့် တိုင်းတာလေ့လာ

Mar 26 • 5:15 AM

breaking-news

Myanmar

Local

breaking-news
cover

ရန်ကုန်လေထုအရည်အသွေးကို အချက်အလက် (၆) မျိုးဖြင့် တိုင်းတာလေ့လာ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝန်းကျင်လေထုအရည်အသွေးအခြေအနေများကို စနစ်တကျ စောင့်ကြည့်လေ့လာနိုင်ရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တိုင်းတာစနစ်များ အသုံးပြု၍ လေ...

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝန်းကျင်လေထုအရည်အသွေးအခြေအနေများကို စနစ်တကျ စောင့်ကြည့်လေ့လာနိုင်ရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တိုင်းတာစနစ်များ အသုံးပြု၍ လေ့လာဆန်းစစ်လျက်ရှိကြောင်း သိရသည်။ထိုသို့ လေ့လာရာတွင် ရန်ကုန်မြို့အတွင်း တိုင်းတာမှတ် (၃) နေရာတွင် Ambient Air Quality Monitoring Station with Mobile Car (AQMS Mobile Car) နှင့် Compact Air Quality Monitoring Station (AQM 65) စက်များကို အသုံးပြုကာ လေထုအရည်အသွေးနှင့်သက်ဆိုင်သော အဓိက အချက်အလက် (၆) မျိုးဖြစ်သည့် Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10)၊ Sulphur Dioxide (SO2)၊ Nitrogen Dioxide (NO2)၊ Ozone (O3) နှင့် Carbon Monoxide (CO) တို့ကို (၂၄) နာရီပတ်လုံး ပုံမှန်တိုင်းတာလေ့လာနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



news-view-count-icon

16