နေအပူချိန်မြင့်မားလွန်ကဲလာခြင်းကြောင့် ငါးမွေးမြူရေးကန်များတွင် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
လက်ရှိ အပူချိန်မြင့်တက်လာမှုကြောင့် ငါးမွေးကန်များရှိ ရေထုများ ရေငွေ့ပျံခြင်းကြောင့် ရေလျော့နည်းလာနိုင်ပြီး၊ ကန်အတွင်းရှိ ငါးများ၏ စွန့်ပစ်အညစ်အကြေးများနှင့် အစာကျွေးလွန်ကဲမှုကြောင့် စားကြွင်းစားကျန်များ တိုးပွားလာကာ ရေအရည်အသွေး ညစ်ညမ်းလာနိုင်ကြောင်း ဖော်ပြထားသည်။ ထိုသို့ရေထုညစ်ညမ်းမှုများသည် ငါးရောဂါများ ဖြစ်ပွားနိုင်ခြေ မြင့်မားစေသဖြင့် သြဇာဓာတ်ထည့်သွင်းခြင်းနှင့် အစာအလွန်အကျွံကျွေးခြင်းကို လျှော့ချရန် တိုက်တွန်းထားသည်။



