back

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ ဆွဲမှန်ကျေးရွာရှိ စက်သုံးဆီ အရောင်းဆိုင်တွင် မီးလောင်မှုဖြစ်ပွား

Mar 26 • 5:13 AM

breaking-news

Myanmar

Mandalay

breaking-news
cover

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ ဆွဲမှန်ကျေးရွာရှိ စက်သုံးဆီ အရောင်းဆိုင်တွင် မီးလောင်မှုဖြစ်ပွား

၂၆.၃.၂၀၂၆ ရက်နေ့၊ ၀၈နာရီ ၃၆ မိနစ်အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ ဆွဲမှန်ကျေးရွာရှိ စက်သုံးဆီ အရောင်းဆိုင်တွင် မီးလောင်မှုဖြ...

၂၆.၃.၂၀၂၆ ရက်နေ့၊ ၀၈နာရီ ၃၆ မိနစ်အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ ဆွဲမှန်ကျေးရွာရှိ စက်သုံးဆီ အရောင်းဆိုင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရမည်းသင်းခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၂)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ပြည်သာယာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၉ နာရီ၁၇ မိနစ်အချိန် မီးငြိမ်းပါသည်။


news-view-count-icon

16