လာမဲ့ မတ်လ ၂၇ ရက်မှာ ကျရောက်မဲ့ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဝင် မုခ်ဦးဖွင့်ပွဲကို မတ် ၂၅ ရက်၊ မနက်ပိုင်းက အဲ့ဒီမုခ်ဦးနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကနေ သိရပါတယ်။တာဝန်ရှိသူတွေက စစ်တွေမြို့ဝင် မုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး မြို့ဝင်မုခ်ဦး တည် ဆောက်ခြင်း အထိမ်းအမှတ် ကဗ္ဗည်းကျောက်စာကို အမွှေးနံ့သာရည်တွေ ပက်ဖြန်း ပေးခဲ့ကြတယ်လို့ သိရပါတယ်။ဆက်လက်ပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနဲ့ တာဝန်ရှိသူတွေက အကအလှတွေနဲ့ ကပြဖျော်ဖြေ တင်ဆက်ကြတဲ့ ရခိုင်ယဉ်ကျေးမှုအဖွဲ့၊ ပန်းဖွားအဖွဲ့၊ အေရိုးဗစ် အဖွဲ့ နဲ့ ရခိုင်စည်တော်အဖွဲ့တို့ကို ဂုဏ်ပြုဆုငွေတွေ ပေးအပ် ချီးမြှင့်ခဲ့ကြတယ်လို့ ဆိုပါတယ်။
| 13 | 0 | 0 | 0 |


