back

မန္တလေးတိုင်း၊ရမည်းသင်း၌ ကျပ် ၃ ဘီလီယံဖိုး စိတ်ကြွဆေးပြားများ ဖမ်းမိ

Mar 26 • 1:21 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးတိုင်း၊ရမည်းသင်း၌ ကျပ် ၃ ဘီလီယံဖိုး စိတ်ကြွဆေးပြားများ ဖမ်းမိ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်မှာ ငွေကျပ် ၃ ဘီလီယံခန့် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား အပြား နှစ်သန်း နဲ့ အတူ အမျိုးသား တစ်ယောာက်ကို ဖမ်းဆီးရမိခဲ့...

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်မှာ ငွေကျပ် ၃ ဘီလီယံခန့် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား အပြား နှစ်သန်း နဲ့ အတူ အမျိုးသား တစ်ယောာက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။လုံခြုံရေးပူးပေါင်းအဖွဲ့ဟာ မတ် ၂၄ ရက်၊ မနက် ၂ နာရီခွဲလောက်က ရမည်းသင်းမြို့နယ်၊ တပ်ကုန်း-ကျောက်ဆည်ခရိုင် ချင်းဆက်လမ်းပေါ်ရှိ နန်းလုံကျေးရွာ နဲ့ ကျည်စုကျေးရွာကြားမှာ ပင်လောင်းမြို့နယ်ဘက်မှ ဆာလာအိတ်တွေ တင်ဆောင်လာတဲ့ ဆိုင်ကယ် ၃ စီးကို စစ်ဆေးရှာဖွေဖို့ တားဆီးတဲ့အခါ ရပ်တန့်ပေးခြင်း မရှိတာကြောင့် လိုက်လံ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။အဲဒီလို ဖမ်းဆီးရာမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ လူဖဲခြမ်း ကျေးရွာနေတဲ့ ခွန်လိမ္မာ ကို ဆိုင်ကယ် ၃ စီးနဲ့အတူ ဖမ်းမိခဲ့ပြီး အဲဒီဆိုင်ကယ်တွေပေါ်မှာ တင်ဆောင်ထားတဲ့ ဆာလာအိတ်တွေထဲက ဆာလာအိတ် ၆ အိတ်အတွင်းမှ ငွေကျပ် ၃ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား အပြား နှစ်သန်း ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။အဲဒီမူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိသူကို ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ နယ်မြေ ရဲစခန်းကို စနစ်တကျ လွှဲပြောင်း အပ်နှံပြီး အမှုဖွင့် ဆောင်ရွက်ထားရှိကာ ဆက်စပ် ကျူးလွန်သူတွေကိုလည်း ဖော်ထုတ် ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

news-view-count-icon

16