back

တရုတ်သမ္မတက ရှုံအန်းဧရိယာသစ်အား ဆန်းသစ်တီထွင်မှု တည်ဆောက်ရေးအတွက် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်း

Mar 26 • 1:20 AM

breaking-news

China

Local News

cover

တရုတ်သမ္မတက ရှုံအန်းဧရိယာသစ်အား ဆန်းသစ်တီထွင်မှု တည်ဆောက်ရေးအတွက် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်း

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှုံအန်းဧရိယာသစ်အား ခေတ်သစ်ကာလ ဆန်းသစ်တီထွင်...

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှုံအန်းဧရိယာသစ်အား ခေတ်သစ်ကာလ ဆန်းသစ်တီထွင်မှု ဗဟိုချက်အဖြစ်လည်းကောင်း၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး စံနမူနာအဖြစ်လည်းကောင်း တည်ဆောက်ရေးအတွက် ကြိုးပမ်းအားထုတ်ကြရန် မတ် ၂၃ ရက်က တိုက်တွန်းပြောကြားခဲ့သည်။တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက မတ် ၂၃ ရက်တွင် ရှုံအန်းဧရိယာသစ်အား သွားရောက်စစ်ဆေးစဉ် အဆိုပါ ဧရိယာသစ်အား အရည်အသွေးမြင့်မားစွာ တည်ဆောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ဆင့်တိုး ဆောင်ရွက်ရေးဆိုင်ရာ သီးသန့်ဆွေးနွေးပွဲတစ်ခုကိုလည်း သဘာပတိအဖြစ် ကြီးမှူးကျင်းပခဲ့သည်။ပေကျင်း၏ မြို့တော်အင်္ဂါရပ်၌ အရေးတကြီး မလိုအပ်သော လုပ်ငန်းဆောင်တာများကို လျှော့ချရာတွင် ယင်းလုပ်ငန်းဆောင်တာများကို အဓိကလက်ခံသူဖြစ်သော ရှုံအန်းဧရိယာသစ်၏ လုပ်ငန်းသဘောသဘာဝဆိုင်ရာ အဓိက ရပ်တည်ချက်ကို အခိုင်အမာထိန်းသိမ်းရန် လိုအပ်သည်ဟု ၎င်းက အလေးပေးပြောကြားခဲ့သည်။ယင်းဧရိယာသစ်က ပြည်တွင်း အရင်းအမြစ်အင်အားဖြင့် မောင်းနှင်သော ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ပြုပြင်ပြောင်းလဲမှု၊ ဆန်းသစ်တီထွင်မှုတို့ဖြင့် ပိုမိုခိုင်မာအားကောင်းအောင် လုပ်ဆောင်ကာ ကုန်ထုတ်လုပ်မှု သွင်းအားစုများနှင့် အရင်းအမြစ်များကို သင့်တင့်မျှတစွာ စုစည်းခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုအားအင်ပြည့်ဝမှုကို ဖော်ထုတ်သင့်ကြောင်း ရှီက ပြောသည်။

news-view-count-icon

5