တရုတ်နိုင်ငံတွင် မကြာမီရက်ပိုင်းက ရှေးဟောင်းမြို့တော် ရှီးအန်းရှိ ချွီကျန်းရေကန်ကမ်းနားတွင် ချယ်ရီပန်းများ ပွင့်လန်းလာပြီး မိုးမခပင်များ စိမ်းလန်းစိုပြည်လျက်ရှိရာ နွေဦးအလှအငွေ့အသက်များက ခရီးသွားဧည့်သည်များအား လာရောက် ဓာတ်ပုံရိုက်ကူး၍ လည်ပတ်ရန် ဆွဲဆောင်လျက်ရှိသည်။ ချွီကျန်းသည် တစ်ချိန်က တရုတ်နိုင်ငံသမိုင်းတွင် နာမည်ကျော်ကြားသည့် တော်ဝင်ဥယျာဉ်ဖြစ်သည်။ ထန်မင်းဆက်ခေတ်ကာလတွင် ယင်းနေရာရှိ ရေပြင်ဧရိယာကို တိုးချဲ့တူးဖော်ခဲ့ရာ စာပေပညာရှင်များစွာက ယင်းနေရာ၌ စုဝေးကာ ကဗျာများ စပ်ဆိုသီကုံးလေ့ရှိခဲ့ကြသည်။ 
Mar 26 • 1:19 AM
China
Local News
Share
| 6 | 0 | 0 | 0 |


