ကချင်ပြည်နယ် မြစ်ကြီးနားမြို့လေကြောင်းလိုင်းတွေ ပြန်လည်ပြေးဆွဲမယ်လို့ ထုတ်ပြန်ထားသော်လည်း လေယာဉ်လက်မှတ်တွေရောင်းချခြင်းမရှိသေးဘူးလို့ လေယာဉ်လက်မှတ်အရောင်းဌာနနဲ့လေကြောင်းလိုင်းမှာတာဝန်ထမ်းဆောင်နေသူဆီကနေ သိရပါတယ်။မြန်မာအမျိုးသားလေကြောင်းလိုင်း– Myanmar National Airlines (MNA) ကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းကြည့်တဲ့အခါမှာတော့ ခုလို ပြောပါတယ်။“လေကြောင်းလိုင်း ဆွဲဖြစ်မယ် မဆွဲဖြစ်ဘူးဆိုတာ ပြန်ပြောပေးပါ့မယ် မနက်ပြန်ဆက်ခဲ့ပေးပါ။ ဘယ်ရက်မှာရှိနိုင်မယ် မရှိနိုင်ဘူးဆိုတာကို ခုက (schedule) လုပ်ငန်းစဉ်ဇယား သေချာလေးမဖြစ်သေးလို့ပါ”လို့ ဆိုပါတယ်။
Mar 26 • 1:16 AM
Myanmar
Kachin
Share
| 6 | 0 | 0 | 0 |


