ရန်ကုန်မြို့၊ဗဟန်းမြို့နယ် ဦးဝိစာရမီးပွိုင့်အနီး ဆိုင်ကယ်တစ်စီး မီးလောင်မူဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ယနေ့နေ့လယ်၁၁နာရီကျော်အချိန်က ဖြစိပွားခဲ့တာဖြစ်ပြီး၊ အနာဂတ်အလင်းတန်းပရဟိတအသင်းက မီးငြိမ်းသတ်ယာဉ်နဲ့စေတနာ့ဝန်ထမ်း(၅)ဦးက ကူညီငြိမ်းသတ်ခဲ့ရတယ်လို့ အသင်းက အသိပေးထားပါတယ်။ ဆိုင်ကယ်စီးခွင့်မရှိတဲ့နေရာမှာ မီးလောင်ခဲ့တာဖြစ်ပြီး အနီးနားဝန်းကျင်က ပြည်သူတွေ မီးသတ်ဆေးဗူးများနဲ့ငြိမ်းသတ်ထားခြင်းကြောင့် ဆိုင်ကယ်တစ်စီးသာမီးလောင်မှုရှိခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။



