back

ညောင်ရွှေတွင် ဖိုးဖွားအရွယ် ၄ဦးကို ဖဲရိုက်မှုဖြင့်ဖမ်း

Mar 25 • 4:09 PM

breaking-news

Myanmar

Shan

cover

ညောင်ရွှေတွင် ဖိုးဖွားအရွယ် ၄ဦးကို ဖဲရိုက်မှုဖြင့်ဖမ်း

ဓအသက် ၆၀ ကျော်၊ ၇၀ ကျော်အရွယ် အမျိုးသမီးကြီး ၃ဦးနှင့် အမျိုးသားကြီးတစ်ဦး တို့ကို ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် ဖဲရိုက်လောင်းကစားမှုဖြင့် ဖမ်းဆီးလိုက်...

ဓအသက် ၆၀ ကျော်၊ ၇၀ ကျော်အရွယ် အမျိုးသမီးကြီး ၃ဦးနှင့် အမျိုးသားကြီးတစ်ဦး တို့ကို ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် ဖဲရိုက်လောင်းကစားမှုဖြင့် ဖမ်းဆီးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ဖမ်းဆီးခံရသူများမှာ အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကြီး ၂ဦး၊ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးနှင့် အသက် ၇၂ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးတို့ဖြစ်ပြီး အသက် ၆၂အရွယ် အမျိုးသမီးတစ်ဦးမှာ အိမ်ရှင်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။၎င်းတို့ကို မတ်လ ၂၁ရက် ညနေပိုင်းက ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ညောင်ရွှေမြို့မရဲစခန်းတွင် လောင်ကစားမှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။





news-view-count-icon

8