ဘန်ကောက်မြို့မှာရည်းစားဖြစ်သူကို သတ်ဖြတ်ပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ပလတ်စတစ်အိတ်နဲ့ထုတ် စွန့်ပစ်ခဲ့တဲ့ လာအိုနိုင်ငံသားတစ်ဦးကို နောင်ခိုင်ပြည်နယ်ရှိ နယ်စပ်ဖြတ်ကျော် ထွက်ပြေးဖို့ ကြိုးပမ်းနေချိန် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာလို့ ဘန် ကောက်ပို့စ်သတင်းဌာနမှာ မတ်လ၂၅ရက်က ဖော်ပြ
ထားပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ လာအိုအမျိုးသားကို စစ်ဆေးဖော်ထုတ်ခဲ့ရာ ဖမ်းဆီးရမိသူဟာ ရည်းစားဖြစ်သူကိုသတ် ဖြတ်ပြီး အလောင်းကို အပိုင်းပိုင်းဖြတ်တောက်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို အဆုံး သတ်ဖို့ အမျိုးသမီးက ပြောဆိုခဲ့တာကြောင့် ဒေါသအ လျောက် အခုလို ကျူးလွန်ခဲ့တာလို့ ထွက်ဆိုခဲ့ပါတယ်။ ဖြစ်စဥ်ကတော့ မတ်လ၂၄ရက်ည ၈ နာရီခန့်က နွန်သဘူရီပြည်နယ်၊ ပတ်ခရက် (Pak Kret) ခရိုင်ရှိ ကျောင်းတစ်ကျောင်းအနီးမှာ လူသေအလောင်း အ စိတ်အပိုင်းများ ထည့်ထားတဲ့အိတ် ၈အိတ်ကို စတင်တွေ့ရှိခဲ့ရာကနေ ရဲတပ်ဖွဲ့က စုံစမ်းဆေးမှုပြုလုပ်ခဲ့တာပါ။ ထိုင်းရဲတပ်ဖွဲ့ စုံစမ်းဆေးမှုများရာမှာ အသတ်ခံရသူမှာ အသက် ၂၀ အရွယ် နန်းရမ် ဆိုသူ လာအိုအမျိုး သမီးဖြစ်ပြီး သူမရဲ့အစ်ကိုဖြစ်သူက ညီမဖြစ်သူ ပျောက်ဆုံးနေတာကို ရဲတပ်ဖွဲ့ဆီ တိုင်ကြားထားတာကြောင့် ဆက် လက်စုံစမ်းစစ်ဆေးခဲ့ရာ ရဲတပ်ဖွဲ့ဟာ သံသယရှိသူ နေ ထိုင်ရာ ဘန်ကောက်မြို့၊ ထွန်းဆောင်ဟောင်ခရိုင်က တိုက်ခန်းကိုဝင်ရောက်စစ်ဆေးခဲ့ပြီးCCTV မှတ်တမ်းများအရ အမျိုးသမီးဖြစ်သူဟာ အဆိုပါအခန်းအတွင်းမှ ပြန်လည်ထွက်ခွာသွားတာ မရှိဘဲ အခန်းအတွင်း သွေးနံ့များ ရရှိခဲ့ပြီး သွေးစွန်းတဲ့ အထောက်အထားများကိုလည်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။



