back

စက်သုံးဆီထုတ်ယူပြီး မှောင်ခိုဈေးနဲ့ ပြန်ရောင်းစားသူတွေများလာလို့ အ​ရေးယူဖို့လိုအပ်

Mar 25 • 12:59 PM

breaking-news

Myanmar

Local

cover

စက်သုံးဆီထုတ်ယူပြီး မှောင်ခိုဈေးနဲ့ ပြန်ရောင်းစားသူတွေများလာလို့ အ​ရေးယူဖို့လိုအပ်

လက်ရှိ နိုင်ငံရဲ့ စက်သုံးဆီ ချွေတာရေးစနစ်အရ ပြီးခဲ့တဲ့ မတ် ၁၂ ရက်မှစတင်ကာ Wheel Tax (ယာဉ်သက်သေခံလက်မှတ်) ပါ ဘားကုဒ်/QR ကုဒ်နဲ့ စစ်ဆေးပြီး စက်သုံးဆီတွေကို အရောင်...

လက်ရှိ နိုင်ငံရဲ့ စက်သုံးဆီ ချွေတာရေးစနစ်အရ ပြီးခဲ့တဲ့ မတ် ၁၂ ရက်မှစတင်ကာ Wheel Tax (ယာဉ်သက်သေခံလက်မှတ်) ပါ ဘားကုဒ်/QR ကုဒ်နဲ့ စစ်ဆေးပြီး စက်သုံးဆီတွေကို အရောင်းဆိုင်တွေမှာ အရေအတွက် အကန့်အသတ်နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။လက်ရှိမှာတော့ တချို့သော ယာဉ်မောင်းတွေဟာ ဆီဆိုင်တွေက ဝန်ထမ်းတွေကို ငွေကြေးပေးပြီး ဘားကုဒ်ကို scan မဖတ်ဘဲ အကြိမ်ကြိမ် ဆီထုတ်ကာ မှောင်ခိုဈေးကွက်မှာ စီးပွားဖြစ် ရောင်းစားနေကြတယ်လို့ သိရပါတယ်။ဒါကြောင့် စက်သုံးဆီ မှောင်ခိုဈေးကွက်အတွင်း ၉၂ ဓာတ်ဆီ တလီတာကို ၇၅၀၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာကို ကျပ် ၈၀၀၀ ၊ ၉၀၀၀ ကနေ ကျပ် တသောင်းဝန်းကျင်အထိ ပေါက်ဈေးရှိနေပြီး ၉၅ ဓာတ်ဆီက ပိုပြီး အဝယ်လိုက်နေတယ်လို့ သိရပါတယ်။အဲဒီလို ဆီထုတ်ယူ ရောင်းစားသူတွေကြောင့် စက်သုံးဆီ အရောင်းဆိုင်တွေမှာ ဆီတန်းစီနေရတဲ့ ကားတန်းကြီးတွေ ရှည်လျားများပြားနေပြီး အမှန်တကယ် လိုအပ်သူတွေအနေနဲ့ ဆီတခါထုတ်ယူနိုင်ဖို့ ​နေ့တဝက်​လောက်အချိန်ပေးပြီး စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။အမှန်တကယ်အသုံးပြုသူ​တွေက​​တော့ အစိုးရရည်ညွှန်း​ဈေးအတိုင်း သတ်မှတ်အ​ရေအတွက်ဆီ​ရောင်း​မ​ပေးတဲ့ လုပ်ငန်းရှင်​တွေနဲ့ ​မှောင်ခိုသမား​​တွေကို အ​ရေးယူ​ပေး​စေချင်တယ်လို့ ​ပြောဆို​နေကြပါတယ်။ 



news-view-count-icon

10