စံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိသော မိုဘိုင်းလက်ကိုင်ဖုန်းများ (Fake/Clone Handset) နှင့်ပတ်သက်၍ ပြည်သူများအား ထပ်မံအသိပေးကြေညာချက်တစ်ရပ်ကို CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီမှ ထုတ်ပြန်ခဲ့သည်။ကြေညာချက်အရ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ကာလအတွင်း CEIR စနစ်ရှိ ခွင့်ပြုစာရင်း (Whitelist) ထဲသို့ အလိုအလျောက်ထည့်သွင်းနေစဉ် စံသတ်မှတ်ချက်များနှင့် မကိုက်ညီသော Clone မိုဘိုင်းဖုန်းများကို စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။ထိုသို့ စိစစ်ရာတွင် စံချိန်မမီသော ဖုန်းများကို အသုံးပြုနေသည့် ပြည်သူများ နစ်နာမှုမရှိစေရန်အတွက် ခြွင်းချက်အနေဖြင့် SIM Card Code No. (IMSI) ကို CEIR စနစ်တွင် မှတ်တမ်းတင်ထားပြီး ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ (၃) နှစ်အထိ ဆက်လက်အသုံးပြုခွင့် ပေးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။အသေးစိတ်အချက်အလက်များကို https://ceir.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သလို CEIR Call Center နံပါတ် ၁၅၇၇ နှင့် ၁၇၅၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။



