ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်က ဦးရှင်ကြီးပွဲဈေးတန်းမှာ ၁၀၀၀၀ တန် ငွေစက္ကူအတုတွေနဲ့ Second Phone ဝယ်တဲ့ လင်မယားနှစ်ယောက် အဖမ်းခံလိုက်ရပါတယ်။နံပါတ်တူ ပိုက်ဆံတွေဖြင့် ဖုန်းဝယ်ခဲ့ရာမှာ ဆိုင်က ရဲတိုင်လို့ အဖမ်းခံလိုက်ရတာပါ။ အဆိုပါလင်မယားမှာ ၁၀၀၀၀ ကျပ်တန်း အတု ၆၃ ရွက်ပါလာခဲ့ပြီး အွန်လိုင်းက ငွေတုရောင်းဝယ်ရေး Page တခုကနေ ၁၀ သိန်းဖိုးကို ကျပ် ၄ သိန်းပေးပြီး ဝယ်ယူခဲ့တာလို့ ဆိုပါတယ်။လက်ရှိမှာ အဆိုပါ ငွေတုတွေကို ဖြန့်ချီ ရောင်းချပေးခဲ့တဲ့ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ ဒေါ်စန်းဆိုသူကိုလည်း လိုက်လံရှာဖွေနေပြီလို့ သိရပါတယ်။



