စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့ ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မတ်လ(၂၃)ရက် ၊ နံနက်(၁၁)နာရီက ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။မော်လိုက်ခရိုင် စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေထွန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး ထောက်ပံ့ပေးအပ်ရာတွင် မော်လိုက်မြို့တွင်ယာယီနေရပ်စွန့်ခွာပြည်သူ အိမ်ထောင်စု(၅၇၂)စုရှိ၊ လူဦးရေ(၂၀၀၇) ဦးတို့ကို တစ်ဦးလျှင်(၂၀၀၀၀)ကျပ်နှုန်းဖြင့် (၃)လစာ စုစုပေါ င်း(၆၀၀၀၀)ကျပ်ကို တာဝန်ရှိသူများက ထောက်ပံ့ပေး အပ် ခဲ့ကြောင်း သိရသည်။ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မော်လိုက်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မော်လိုက်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြသည်။
| 5 | 0 | 0 | 0 |


