မြန်မာနိုင်ငံတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပထမဆုံးအကြိမ် နိုင်ငံ့ခေါင်းဆောင်အစည်းအဝေး ကျင်းပခဲ့သည့် (၁၀) နှစ်ပြည့်အခါသမယအား ဂုဏ်ပြုရန်အတွက် “တောင်ဘက်သို့ စီးဆင်းနေသောမြစ်” အမည်ရှိ လန်ချန်း-မဲခေါင် မှတ်တမ်းရုပ်ရှင်ကို မတ်လ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှတစ်ဆင့် နိုင်ငံအနှံ့ ထုတ်လွှင့်ပြသခဲ့သည်။အဆိုပါ မှတ်တမ်းရုပ်ရှင်သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်သည့် နိုင်ငံ ၆ နိုင်ငံ၏ ယဉ်ကျေးမှုဖလှယ်ရေးနှင့် အပြန်အလှန် သင်ယူမှုများကို အဓိကထား ဖော်ပြထားခြင်းဖြစ်ပြီး ပြည်သူများအကြား စိတ်ချင်းဆက်နွယ်မှု ပိုမိုနက်ရှိုင်းလာစေရန် အထောက်အကူဖြစ်စေကြောင်း လူမှုအသိုင်းအဝိုင်း နယ်ပယ်စုံမှ အကောင်းဘက်မှ ချီးကျူးသုံးသပ်ထားကြသည်။
Mar 25 • 6:43 AM
Myanmar
Local
Share
| 15 | 0 | 0 | 0 |


