back

ပုဂ္ဂလိက ကုမ္ပဏီလုပ်ငန်းအချို့ Work From Home အစီအစဉ်မျိုးဖြင့် လုပ်ဆောင်လာနေ

Mar 25 • 6:38 AM

breaking-news

Myanmar

Local

breaking-news
cover

ပုဂ္ဂလိက ကုမ္ပဏီလုပ်ငန်းအချို့ Work From Home အစီအစဉ်မျိုးဖြင့် လုပ်ဆောင်လာနေ

ယခုနောက်ပိုင်း ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်းအချို့တွင် Work From Home အစီအစဉ်မျိုးဖြင့် စတင်ကာ လုပ်ဆောင်လာကြောင်း အဆိုပါကုမ္ပဏီလုပ်ငန်းများတွင် လုပ်ကိုင်နေသူများထံမှ ...

ယခုနောက်ပိုင်း ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်းအချို့တွင် Work From Home အစီအစဉ်မျိုးဖြင့် စတင်ကာ လုပ်ဆောင်လာကြောင်း အဆိုပါကုမ္ပဏီလုပ်ငန်းများတွင် လုပ်ကိုင်နေသူများထံမှ သိရသည်။ဒီလို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း Work From Home အစီအစဉ်ကြေညာချက်မျိုး မထွက်ခင်ကတည်းက ကျွန်မတို့ ကုမ္ပဏီမှာ စီစဉ်နေတာပါ၊ ဘာလို့လည်းဆိုရင် ကျွန်မတို့က ကုန်စည်ဖြန့်ချိရေးလုပ်ငန်းမျိုးဖြစ်တော့ လတ်တလောစျေးကွက် အနေအထားရယ်၊ စက်သုံးဆီရဲ့ စျေးနှုန်းနဲ့ အခက်အခဲအခြေအနေတွေကြောင့်ပါပဲ၊ နဂိုကတည်းကစီစဉ်ထားတာပေါ့” ဟုလည်း ပြည်တွင်းကုမ္ပဏီတစ်ခုတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။အဆိုပါ Work From Home အစီအစဉ်မျိုးဖြင့် လုပ်ဆောင်လာသည့် ကုမ္ပဏီလုပ်ငန်းများမှာ လာမည့် ဧပြီလ ၁ ရက်မှ စတင်ရန်သတ်မှတ်ထားခြင်းမျိုးလည်းဖြစ်ပြီး ကုမ္ပဏီတစ်ခုလုံးရှိ ဝန်ထမ်းအားလုံးကို Work From Home အစီအစဉ် လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ နေအိမ်မှလုပ်ဆောင်နိုင်သော လုပ်ငန်းအမျိုးအစားကိုခွဲကာ အဆိုပါလုပ်ငန်းများ လုပ်ကိုင်နေသည့် ဝန်ထမ်းများကို နေအိမ်မှအလုပ်လုပ်ရန် သတ်မှတ်နေခြင်းလည်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

18