back

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း အတွက် ကစားသမား (၄၀)ဦး အပြီးသတ်ရွေးချယ်ပြီးစီး

Mar 25 • 6:38 AM

breaking-news

Myanmar

Local

cover

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း အတွက် ကစားသမား (၄၀)ဦး အပြီးသတ်ရွေးချယ်ပြီးစီး

အနာဂတ်မြန်မာ့လက်ရွေးစင် အသင်းအတွက် အားထားရမည့် မျိုးဆက်သစ် လူငယ်များ ရှာဖွေဖော်ထုတ်ရန် ရည်ညရွယ်၍ မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းအတွက် ကစားသမား(၄၀)ဦးကို အပြီးသတ်ရွ...

အနာဂတ်မြန်မာ့လက်ရွေးစင် အသင်းအတွက် အားထားရမည့် မျိုးဆက်သစ် လူငယ်များ ရှာဖွေဖော်ထုတ်ရန် ရည်ညရွယ်၍ မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းအတွက် ကစားသမား(၄၀)ဦးကို အပြီးသတ်ရွေးချယ်ပြီးစီးပြီဖြစ်ကြောင်း အဖွဲ့ချုပ်က ယနေ့တွင် ထုတ်ပြန်သည်။အဆိုပါ လူငယ်ကစားသမားများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပုသိမ်နှင့် မော်လမြိုင်စသည့် တိုင်းနှင့်ပြည်နယ်မြို့များတွင် အခြေပြု၍ ကနဦး လူရွေးချယ်ပွဲများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ယင်းလူ ရွေးချယ်ပွဲများသို့ တိုင်းနှင့်ပြည်နယ်များမှ (၁၄၅ ၀) ဦး၊ ဘောလုံး အကယ်ဒမီများနှင့် ISPE မှ (၅၅) ဦး၊ စုစု ပေါင်း (၁၅၀၅) ဦးတို့လာရောက် ရွေးချယ်ခံခဲ့ကြသည့်အနက် (၄၀)ဦးအား အပြီးသတ်ခေါ်ယူခဲ့ခြင်းလည်းဖြစ်သည်။

news-view-count-icon

14