back

ပတ္တယားတွင် မြန်မာလုပ်သား ၆၃ ဦးအပါ အလုပ်သမား ၁၄၆ ဦး ဖမ်းခံရ

Mar 25 • 6:35 AM

breaking-news

Thailand

Local News

cover

ပတ္တယားတွင် မြန်မာလုပ်သား ၆၃ ဦးအပါ အလုပ်သမား ၁၄၆ ဦး ဖမ်းခံရ

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ပတ္တယားမြို့တွင် ပြီးခဲ့သည့် မတ်လ ၁၆ ရက်မှ ၂၂ ရက်အတွင်း တရားမဝင်နိုင်ငံခြားသားလုပ်သားများကို နှိမ်နင်းခဲ့ရာ မြန်မာ ၆၃ ဦးအပါအဝင် ...

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ပတ္တယားမြို့တွင် ပြီးခဲ့သည့် မတ်လ ၁၆ ရက်မှ ၂၂ ရက်အတွင်း တရားမဝင်နိုင်ငံခြားသားလုပ်သားများကို နှိမ်နင်းခဲ့ရာ မြန်မာ ၆၃ ဦးအပါအဝင် စုစုပေါင်း ၁၄၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း ချွန်ဘူရီခရိုင် လဝကရဲတပ်ဖွဲ့က ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဖမ်းဆီးရမိသူများထဲတွင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိဘဲ လုပ်ကိုင်နေသူ ၉၈ ဦးနှင့် သတ်မှတ်နယ်ပယ်ပြင်ပတွင် လုပ်ကိုင်သူ ၄၉ ဦးတို့ ပါဝင်ပြီး၊ ဗီဇာသက်တမ်း ၅ နှစ်ကျော် (၂,၀၆၁ ရက်) ကျော်လွန်နေထိုင်သည့် လာအိုနိုင်ငံသားတစ်ဦးကိုလည်း တွေ့ရှိခဲ့သည်။ထိုင်းအာဏာပိုင်များသည် နိုင်ငံခြားသားများက ထိုင်းနိုင်ငံသားတို့၏ အလုပ်အကိုင်များကို လုယူခြင်းမှ ကာကွယ်ရန် Grab, Bolt နှင့် LINE MAN ကဲ့သို့ ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့်ပါ ပူးပေါင်းကာ အကောင့် (ID) လုယူအသုံးပြုမှုများကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ 

news-view-count-icon

9