back

ဂျက်လေယာဉ်ဆီပြတ်လပ်မှုပြဿနာကြောင့်ပြည်တွင်းခရီးစဉ်များ ပျံသန်းမှု ဗီယက်နမ်ရပ်မည်

Mar 25 • 6:33 AM

breaking-news

Vietnam

Local News

cover

ဂျက်လေယာဉ်ဆီပြတ်လပ်မှုပြဿနာကြောင့်ပြည်တွင်းခရီးစဉ်များ ပျံသန်းမှု ဗီယက်နမ်ရပ်မည်

အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲကြောင့်လောင်စာဆီဖြည့်ဆည်းပေးနိုင်မှုများ အကန့်အသတ် ရှိလာချိန်တွင် သီတင်းတစ်ပတ်တာ ကာလအတွင်းပြေးဆွဲပျံသန်းနေသော ပြည်တွင်း ခရီးစဉ်များအနက်...

အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲကြောင့်လောင်စာဆီဖြည့်ဆည်းပေးနိုင်မှုများ အကန့်အသတ် ရှိလာချိန်တွင် သီတင်းတစ်ပတ်တာ ကာလအတွင်းပြေးဆွဲပျံသန်းနေသော ပြည်တွင်း ခရီးစဉ်များအနက်ခရီးစဉ် နှစ်ဒါဇင်နီးပါးကို ပြေးဆွဲမှု ရပ်ထားရန်ဗီယက်နမ် အမျိုးသား လေကြောင်းလိုင်းက စီစဉ်ထားကြောင်း မတ် ၂၄ ရက် သတင်းများတွင်ရေးသား တင်ပြထားသည်။လေယာဉ်လောင်စာဆီကန့်သတ်ချက်ကြောင့်ပြည်တွင်းလေကြောင်းခရီးစဉ်တချို့ ရပ်ဆိုင်း ထားမှုကို လာမည့် ဧပြီလအတွင်း ဗီယက်နမ်အမျိုးသားလေကြောင်းလိုင်းက စတင်မည် ဖြစ်ကြောင်းသိရသည်။ဖေဖော်ဝါရီ ၂၈ ရက်တွင် အရှေ့အလယ်ပိုင်းစစ်ပွဲစတင်ခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့ရာ လောင်စာဆီပြတ်လပ်မှု ပြဿနာများ ပေါ်လာနိုင်မည့်အရေးကြောင့် ဂျက်လေယာဉ်ဆီဈေးနှုန်းများလည်း မြင့်တက်လာခဲ့ရသည်။လက်ရှိအချိန်တွင် အရှေ့အလယ်ပိုင်းစစ်ရေးပဋိပက္ခနှင့်အတူ ပေါ်ထွက်လာသော လေယာဉ် ဆီဖြည့်ဆည်းပေးနိုင်မှု ကန့်သတ်ချက်များကြောင့်ဗီယက်နမ်အမျိုးသား လေကြောင်းလိုင်း အနေဖြင့်ပြည်တွင်း ခရီးစဉ်များအနက် နှစ်ဒါဇင်ကျော်ကိုပျံသန်းပြေးဆွဲမှု ရပ်ထားရန် စီစဉ်ထားကြောင်းဗီယက်နမ်အရပ်ဘက်လေကြောင်း အာဏာပိုင်အဖွဲ့က သတင်း ထုတ်ပြန်ထားသည်။ဗီယက်နမ်နိုင်ငံသည် ကာတာ၊ ကူဝိတ်၊အယ်လ်ဂျီးရီးယားနှင့် ဂျပန်အပါအဝင် ကမ္ဘာ့နိုင်ငံ ပေါင်း အများအပြားမှလည်း လောင်စာဆီများရရှိရေးအတွက် ကမ်းလှမ်းထားသည်။


news-view-count-icon

8