back

မော်လမြိုင်မှာ စက်သုံးဆီ တရားမဝင် ရောင်းချမှုနဲ့ ဆီဆိုင်ပိုင်ရှင် ၇ ဦး ဖမ်းဆီးခံရ

Mar 25 • 6:33 AM

breaking-news

Myanmar

Mon

cover

မော်လမြိုင်မှာ စက်သုံးဆီ တရားမဝင် ရောင်းချမှုနဲ့ ဆီဆိုင်ပိုင်ရှင် ၇ ဦး ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စက်သုံးဆီများကို စနစ်တကျရောင်းချခြင်းမရှိဘဲ ပုံး၊ ပေပါများဖြင့် တရားမဝင်ရောင်းချသည်ဟူသော စွပ်စွဲချက်ဖြင့် မင်းသန့်၊ မိဘမေတ္တာန...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စက်သုံးဆီများကို စနစ်တကျရောင်းချခြင်းမရှိဘဲ ပုံး၊ ပေပါများဖြင့် တရားမဝင်ရောင်းချသည်ဟူသော စွပ်စွဲချက်ဖြင့် မင်းသန့်၊ မိဘမေတ္တာနှင့် စွမ်းမြန်မာ စက်သုံးဆီဆိုင်များမှ ပိုင်ရှင်နှင့် မန်နေဂျာ စုစုပေါင်း ၇ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်တွင် သိရသည်။ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် မတ်လ ၁၃ ရက်မှစတင်ကာ ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများကို ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ ၃၉(က) ဖြင့် အမှုဖွင့်ထားသည်။ အဆိုပါပုဒ်မအရ ပြစ်မှုထင်ရှားပါက ငွေဒဏ် ကျပ် ၅ သိန်းမှ သိန်း ၅၀ အထိဖြစ်စေ၊ ထောင်ဒဏ် ၆ လအထိဖြစ်စေ ပြစ်ဒဏ်ချမှတ်ခံရနိုင်ကြောင်း သိရှိရပါသည်။

news-view-count-icon

3