ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဟဲ (အောက်) ကျေးရွာအုပ်စုရှိ ကော့ရားကျေးရွာအနီးတွင် ကာလတန်ဖိုး ငွေကျပ် ၂၀.၂ ဘီလီယံခန့်ရှိသော မူးယစ်ဆေးဝါးချက်စခန်းနှင့် ဆက်စပ်ပစ္စည်းများကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ညနေပိုင်းတွင် ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည်။ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် မူးယစ်ဆေးချက်လုပ်သည့် တဲကြီးများအပါအဝင် အဆောက်အဦ ၁၁ လုံးအတွင်းမှ WY စိတ်ကြွဆေးပြား ၆.၉ သန်း၊ အိုက်စ် (Ice) ၄၉ ကီလိုဂရမ်နှင့် ဆေးပြားရိုက်စက် ၄ လုံးအပြင် Starlink Gen 3 အင်တာနက်စက်တစ်လုံးတို့ကိုပါ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ သို့သော် အဆိုပါစခန်းရှိ လူများမှာ ကြိုတင်ထွက်ပြေးတိမ်းရှောင်သွားသဖြင့် တစ်ဦးတစ်ယောက်မျှ ဖမ်းဆီးရမိခြင်းမရှိဘဲ သက်ဆိုင်ရာက နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရှိရပါသည်။
Mar 25 • 6:45 AM
Myanmar
Shan
Share
| 5 | 0 | 0 | 0 |


