တရုတ်နိုင်ငံက တိုကျိုမြို့ရှိ ၎င်း၏ သံရုံးတွင် အဓမ္မဖောက်ထွင်းဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့ပြီးနောက် ဤကိစ္စအတွက် ဂျပန်အာဏာပိုင်များကို အလေးအနက်တိုင်ကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၄ ရက်နေ့တွင် ပြောကြားခဲ့သည်။ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ထမ်းဆောင်ဆဲအရာရှိတစ်ဦးဟုဆိုသော လူတစ်ဦးသည် မတ်လ ၂၄ ရက် နေ့ နံနက်ပိုင်းက ဂျပန်နိုင်ငံရှိ တရုတ်သံရုံးနံရံကို ကျော်တက်ကာ သံရုံးအတွင်း အဓမ္မဝင်ရောက်ခဲ့သည်ဟု ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ လင်းကျန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “သူ့လုပ်ရပ်တွေက တရားမဝင်ဘူးဆိုတာကို အဲဒီလူက ဝန်ခံပြီး ဘုရားသခင်ရဲ့နာမတော်အရ တရုတ်သံရုံးဝန်ထမ်းတွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး ဖြစ်စဉ်အပေါ် စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးပေးရန် တိုကျိုကို တိုက်တွန်းခဲ့သည်။
| 9 | 0 | 0 | 0 |


