စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရေးနှင့် အရောင်းဆိုင်များတွင် ယာဉ်တန်းစီမှု လျော့ချနိုင်ရန် တယ်လီဖုန်း application ဖြင့် ရောင်းချမှု စနစ်အား ဆက်လက်အဆင့်မြှင့်တင်မှု ဆောင်ရွက်လျက်ရှိသည်ဟု ယနေ့ မတ် (၂၄)ရက် ထုတ်ပြန်ချက်အရ သိရသည်။ယခင်စနစ်တွင် စုံ၊ မ နေ့ရက်အလိုက် စက်သုံးဆီဆိုင်များတွင် မော်တော်ယာဉ်၊ ဆိုင်ကယ်များ၏ ဘားကုတ်ကို Qr ဖတ်၍ စက်သုံးဆီထည့်ရခြင်း ဖြစ်သည်။အဆင့်ဆက်လက်မြှင့်တင်မည့် စနစ်တွင် ယာဉ်၏ စက်စွမ်း အားအပေါ်မူတည်၍ တပတ်အတွင်းဝယ်ယူခွင့်ရှိသည့် ပမာ ဏကို သတ်မှတ်ကာ တပတ်အတွင်း သတ်မှတ်အကြိမ်ရေအလိုက် ဝယ်ယူရရှိနိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ထုတ်ပြန်သည်။ထို့ကြောင့် တရားဝင်ထုတ်ပြန်ထားခြင်း မဟုတ်သည့် လူမှုကွန်ရက်မှ ပျံ့နှံ့နေသော သတင်းများအား ယုံကြည်မှု မပြုကြရန် နှင့် ဌာနအနေဖြင့် ပြည်သူများ အဆင်ပြေချောမွေ့စွာဖြင့် စက်သုံးဆီဝယ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။
စက်သုံးဆီကို စက်စွမ်းအင်ပေါ်မူတည်၍ တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့် ပမာဏအလိုက် ဝယ်ယူနိုင်ရေးဆောင်ရွက်မည်
Mar 25 • 6:20 AM
Myanmar
Local
Share
| 17 | 0 | 0 | 0 |


