ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် မတ်လ ၂၁ ရက် ညနေပိုင်းက ဖဲရိုက်လောင်းကစားမှုဖြင့် အသက် ၆၀ နှင့် ၇၀ ကျော်အရွယ် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများတွင် အသက် ၇၂ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးနှင့် အသက် ၆၀ ဝန်းကျင် အမျိုးသမီးများ ပါဝင်ပြီး ၎င်းတို့အား ညောင်ရွှေမြို့မရဲစခန်းတွင် လောင်းကစားမှုဖြင့် အမှုဖွင့်ထားသည်။ ဒေသခံများ၏ ပြောကြားချက်အရ မြို့အတွင်း လောင်းကစားမှုများစွာ ရှိနေသော်လည်း ယခုကဲ့သို့ သက်ကြီးရွယ်အိုများကို ရွေးချယ်ဖမ်းဆီးခြင်းအပေါ် ဝေဖန်မှုများ ရှိနေကြောင်း သိရှိရပါသည်။
| 10 | 0 | 0 | 0 |


