ပြည်တွင်းစျေးကွက်တွင် စက်သုံးဆီစျေးနှုန်းနှင့် သယ်ယူပို့ဆောင်စရိတ်များ မြင့်မားလာမှုကြောင့် အသားငါးနှင့် ဥစျေးနှုန်းများ သိသိသာသာ ထပ်မံမြင့်တက်လာရာ ဆိတ်သားတစ်ပိဿာလျှင် ၁၁၀,၀၀၀ ကျပ်နှင့် ငါးကြင်းတစ်ပိဿာလျှင် ၂၈,၀၀၀ ကျပ်အထိ စျေးပေါက်လာကြောင်း သိရသည်။ အလားတူ အခြေခံစားသောက်ကုန်ဖြစ်သည့် ကြက်ဥတစ်လုံးလျှင် ၆၀၀ ကျပ်နှင့် ဘဲဥတစ်လုံးလျှင် ၇၀၀ ကျပ်ဝန်းကျင်အထိ စျေးနှုန်းမြင့်တက်သွားခြင်းကြောင့် စားသုံးသူများ ဝယ်ယူစားသုံးမှု လျော့နည်းလာနေပြီး ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားနေခြင်းက စျေးကွက်အပေါ် ဆက်လက်ရိုက်ခတ်လျက်ရှိကြောင်း သိရှိရပါသည်။
Mar 25 • 4:21 AM
Myanmar
Local
Share
| 15 | 0 | 0 | 0 |


