back

ရှမ်းပြည်နယ်၊စံကားဒေသတွင် သက်ကြီးရွယ်အိုများအထိပါ စလော့ဂိမ်းဆော့ကစားသူများလာ

Mar 25 • 1:33 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊စံကားဒေသတွင် သက်ကြီးရွယ်အိုများအထိပါ စလော့ဂိမ်းဆော့ကစားသူများလာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသတွင် လူငယ်များစလော့ဂိမ်းဆော့ကစားမှု တစ်ရက်ထက်တစ်ရက်ပိုများလာပြီး ယခုအချိန်တွင် သက်ကြီးရွယ်အိုများပါ စလော့ဂိ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသတွင် လူငယ်များစလော့ဂိမ်းဆော့ကစားမှု တစ်ရက်ထက်တစ်ရက်ပိုများလာပြီး ယခုအချိန်တွင် သက်ကြီးရွယ်အိုများပါ စလော့ဂိမ်းဆော့ကစားလာကြပြီး စလော့ဂိမ်းစွဲသွားသူများလည်းရှိနေသည်။ “ကျွန်တော်တို့ရွာဘက်အခုနောက်ပိုင်း စလော့ဂိမ်းဆော့တဲ့သူတော်တော်များလာတယ်၊ ပိုဆိုးတာက လူကြီးတွေပါဆော့လာတာ၊ ကျွန်တော့ဒေါ်လေးဆို အရင်ကကီးပက်ဖုန်းပဲကိုင်တတ်တာ အခုဆို Redmi ဖုန်းနဲ့ စလော့ဂိမ်းပါဆော့တတ်ပြီ၊ တစ်ခါတစ်လေဆို ညနက်နေပြီမအိပ်သေးဘူး ဖုန်းဆက်လာပြီး Kpay တောင်းလာတယ်”ဟုဒေသခံတစ်ဦးက ပြောသည်။ စံကားဒေသတွင် စလော့ဂိမ်းဆော့သည်သူများပြားလာသည်နှင့်အညီ ငွေသွင်းငွေထုတ်လုပ်ငန်းဖြစ် သည့် Kpay၊ Wave pay ငွေလှဲအေးဂျင့်များသည်လည်း ငွေသွင်းငွေထုတ် %များများယူပြီး လုပ်စားသူလည်းများလာကြောင်းသိရသည်။ စလော့ဂိမ်းများဆော့ကစားပြီး အနိုင်ရရှိလာသည့်ငွေများကို လူငယ်အများစုက အုပ်စုဖွဲ့ပျော်ပါးသောက်စားခြင်းများလည်း ပြုလုပ်လာကြသဖြင့် လူငယ်ဘဝပျက်စီးကုန်ကြမည်ကို မိဘများက စိတ်ပူနေကြကြောင်းသိရသည်။

news-view-count-icon

7