back

ထိုင်းအစိုးရက ကုန်စျေးနှုန်းတက်နေ၍ တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းပေးမည်ဟု ဆို

Mar 25 • 1:32 AM

breaking-news

Thailand

Local News

cover

ထိုင်းအစိုးရက ကုန်စျေးနှုန်းတက်နေ၍ တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းပေးမည်ဟု ဆို

အရှေ့အလယ်ပိုင်းနိုင်ငံများတွင် တင်းမာမှုကြောင့် နိုင်ငံအတွင်း လောင်စာဆီနှင့် စားသောက်ကုန်တချို့ ဈေးတက်နေချိန် ထိုင်းနိုင်ငံတွင် တန်ဖိုးသင့် စားသောက်ကုန်နှင့် အိ...

အရှေ့အလယ်ပိုင်းနိုင်ငံများတွင် တင်းမာမှုကြောင့် နိုင်ငံအတွင်း လောင်စာဆီနှင့် စားသောက်ကုန်တချို့ ဈေးတက်နေချိန် ထိုင်းနိုင်ငံတွင် တန်ဖိုးသင့် စားသောက်ကုန်နှင့် အိမ်သုံးပစ္စည်းများကို လာမည့် ဧပြီလနှင့် မေလအတွင်း ဖြန့်ချိရောင်းချပေးမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာသည်။ယမန်နေ့ မတ်လ ၂၄ ရက်နေ့တွင် ပြုလုပ်သော လောင်စာဆီ၊ စွမ်းအင်နှင့် စားသောက်ကုန်များ ဈေးနှုန်းထိန်းညှိရေးဆိုင်ရာ အစိုးရအဖွဲ့အစည်းအဝေးတွင် ယင်းသို့အတည်ပြုကြေညာခြင်းဖြစ်သည်။ပြည်သူများ တတ်နိုင်သော တန်ဖိုးသင့် စားသောက်ကုန်နှင့် အိမ်သုံးပစ္စည်းများကို “Thai Helping Thai” ဟူသော စီမံချက်ဖြင့် တစ်နိုင်ငံလုံးရှိ ခရိုင်အားလုံးကို လာမည့် ဧပြီလနှင့် မေလအတွင်း ဖြန့်ချိပေးမည်ဖြစ်ကြောင်း ဖော်ပြသည်။ဆန်၊ ခေါက်ဆွဲ၊ ငါးသေတ္တာ၊ ဆီ၊ ငံပြာရည်၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ အဝတ်လျှော်ဆပ်ပြာနှင့် သွားတိုက်ဆေးကဲ့သို့ အဓိကစားသောက်ကုန်နှင့် ကုန်ပစ္စည်းများကို ရောင်းချပေးမည်ဟုဆိုသည်။ပစ္စည်းများအားလုံးကို ခရိုင် ၇၇ ခရိုင်ရှိ လက်လီ၊ လက်ကားရောင်းချသော ဆိုင်များအားလုံးတွင် ရောင်းချပေးသွားမည်ဖြစ်သည်။

news-view-count-icon

9