ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ဒေါကလော်လဲ နေရပ်စွန့်ခွာစခန်းမှာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အလယ်တန်းအဆင့်ထိ တိုးချဲ့ ဖွင့်လှစ်နိုင်ဖို့ သင်ကြားရေး ဆရာ၊ ဆရာမတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ စာသင်နှစ်တွေမှာတော့ Grade – 4 အတန်းထိသာ ဖွင့်လှစ်ထားနိုင်ခဲ့ပြီး အတန်းသစ် ထပ်မံတိုးချဲ ဖွင့်လှစ်နိုင်ဖို့ အတွက် သင်ကြားရေး ဆရာ၊ ဆရာမတွေ လိုအပ်နေတယ်လို့ ကော်မတီတာဝန်ရှိသူတဦးက ပြောပါတယ်။“ကျနော်တို့ စရောက်ကတည်းက ကျောင်းတွေ စဖွင့်တယ်။ ကလေးက ၃၀၊ ၄၀ လောက်ထိ ရှိတယ်။ ၄ တန်း အထိပေါ့နော်။ ၅ ၊ ၆ ၊ ၇ တန်းတွေ ကတော့ သူများရွာမှာ သွားရောက် ပညာသင်ယူရတယ်။ ဒီနှစ် က ပညာရေးမှူး က ရောက်လာပြီး ကျနော်တို့ ဘာလုပ်ဖို့ လိုအပ်လည်း တိုင်ပင်ကြရင်း နဲ့ ကျနော်တို့ ၆ တန်း အထိ အတန်းတွေ ထပ်တိုးထားတယ်။ကျနော်တို့ ဖွင့်ဖို့ကတော့ လုပ်ပြီးပြီ ။ ဒါပေမယ့် သင်ကြားရေး ပိုင်းမှာက ဆရာ/မ တွေ အရမ်းလိုအပ်နေတယ်။ ကျောင်းသား/သူ တွေကတော့ အဆင်သင့် ရှိနေကြပြီ”လို့ ကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။စာသင်ကျောင်းမှာ လေးတန်းအထိသာ ဖွင့်လှစ်ထားနိုင်တာကြောင့် အတန်းကြီး ကလေးတွေအတွက် တခြားကျေးရွာတွေမှာ သွားရောက်ပညာသင်ကြားဖို့က အခက်အခဲရှိကြတယ်လို့ ဆိုပါတယ်။ လမ်းခရီး ၁ မိုင်အကွာရှိတဲ့ ကျေးရွာမှာ သွားရောက် ပညာသင်ကြားရပြီး မိုးရာသီကာလမှာတော့ လမ်းခရီး အဆင်မပြေမှုတွေ ရှိတယ်လို့ ဆိုပါတယ်။
ကယားပြည်နယ်၊ဒေါကလော်လဲ နေရပ်စွန့်ခွာစခန်းမှာ အလယ်တန်းအဆင့် တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ သင်ကြားရေး ဆရာ၊ ဆရာမတွေ လိုအပ်နေဟုဆို
Mar 25 • 1:34 AM
Myanmar
Kayah
Share
| 7 | 0 | 0 | 0 |


