back

နေပြည်တော်တွင် (၆၆) ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့

Mar 25 • 1:30 AM

breaking-news

Myanmar

Naypyidaw

cover

နေပြည်တော်တွင် (၆၆) ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့

နေပြည်တော်တွင် (၆၆) ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပခဲ့ကြောင်း ယမန်နေ့ မတ်လ ၂၄ ရက်ထုတ် နိုင်ငံပိုင် သတင်းထုတ်ပြန်ချက်အရ သိရသည်။ အ...

နေပြည်တော်တွင် (၆၆) ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပခဲ့ကြောင်း ယမန်နေ့ မတ်လ ၂၄ ရက်ထုတ် နိုင်ငံပိုင် သတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါပွဲကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (DMH) မှ စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ လက်ရှိကမ္ဘာတစ်ဝန်းတွင် မြေငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ လေမုန်တိုင်း တိုက်ခတ်ခြင်းနှင့် တောမီးလောင် ကျွမ်းခြင်းများကဲ့သို့သော သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားမှု တိုးလာနေပါသဖြင့် နေ့စဉ်စောင့်ကြည့် တိုင်းတာခြင်းနှင့်အတူ ကြိုတင်ပြင်ဆင်ခြင်းဖြင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်ရန် အရေးကြီးပါကြောင်း၊ သဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက် မိုးလေဝသနှင့်ဇလဗေဒသတင်းများကို နေ့စဉ်စောင့်ကြည့်ပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရာတွင် အရေးကြီးဆုံးအချက်မှာ ‘‘တိကျသော တိုင်းတာရေး မှတ်တမ်းအချက်အလက်” များသာဖြစ်ပါကြောင်း၊ သဘာဝဘေး ကာကွယ်ရေးသည် အစိုးရ သို့မဟုတ် အဖွဲ့အစည်း တစ်ခုချင်းစီတို့မှ ဆောင်ရွက်ခြင်းထက် ပြည်သူအားလုံးက ပူးပေါင်းပါဝင်ခြင်းဖြင့် အနာဂတ်ကာလများတွင် သဘာဝဘေးအန္တရာယ်များကြောင့် အသက်၊ အိုးအိမ်ပျက်စီး ဆုံးရှုံးမှုများကို ကာကွယ်နိုင်မည်ဖြစ်သောကြောင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း ဒုတိယဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

news-view-count-icon

10