တရုတ်နိုင်ငံ ဆန်းရမြို့တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် အာရှကမ်းခြေအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမတိုင်မီ ရက်ပေါင်း ၃၀ အလိုတွင် အဆိုပါပြိုင်ပွဲ၌ အားကစားသမား စုစုပေါင်း ၁,၇၉၀ ဦး ပါဝင်ယှဉ်ပြိုင်ရန် အတည်ပြုပြီးဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီက မတ် ၂၃ ရက်၌ ကြေညာခဲ့သည်။နိုင်ငံနှင့် ဒေသ ၄၅ ခုမှ နိုင်ငံနှင့် ဒေသဆိုင်ရာ အိုလံပစ်ကော်မတီများက အဆိုပါပြိုင်ပွဲအတွက် စာရင်းသွင်းထားကြကြောင်း၊ အရည်အချင်းစစ် ပြန်လည်သုံးသပ်ချက်များအပြီးတွင် မတ် ၂၀ ရက်အထိ စာရင်းသွင်းထားသော အားကစားသမား အရေအတွက်မှာ ၁,၇၉၀ ဦး ရှိလာပြီဖြစ်ကြောင်း ပြိုင်ပွဲစီစဉ်သူများ၏ အဆိုအရ သိရသည်။ အဆိုပါအားကစားပြိုင်ပွဲတွင် အားကစားနည်း ၁၄ မျိုး၊ အမျိုးအစားခွဲ ၁၅ မျိုးနှင့် ပြိုင်ပွဲအမျိုးအစား ၆၂ မျိုး ပါဝင်မည်ဖြစ်သည်။ အမျိုးသမီး ကမ်းခြေဘောလုံးပြိုင်ပွဲကို အသင်းအရေအတွက် မလုံလောက်မှုကြောင့် ဖျက်သိမ်းလိုက်ပြီး အခြားပြိုင်ပွဲများအားလုံးကိုမူ အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ ဆန်းရမြို့၌ ကျင်းပမည့် အာရှကမ်းခြေအားကစားပြိုင်ပွဲတွင် အားကစားသမား ၁,၇၉၀ ဦး ပါဝင်ယှဉ်ပြိုင်မည်
Mar 25 • 1:29 AM
China
Local News
Share
| 8 | 0 | 0 | 0 |


