အာဖရိကနိုင်ငံများအနေဖြင့် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များတွင် တည်ငြိမ်မှုရရှိရန်အတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရေးဆွဲခြင်းတွင် တရုတ်နိုင်ငံ၏ အတွေ့အကြုံမှ သင်ယူနိုင်ကြောင်း ဇမ်ဘီယာနိုင်ငံသား ပညာရှင်တစ်ဦးက မတ် ၂၃ ရက်၌ ပြောကြားခဲ့သည်။တရုတ်နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှာ မူဝါဒများတွင် ၎င်း၏ တစ်သမတ်တည်းရှိမှုကို အထောက်အကူပြုကြောင်း၊ ယင်းမှာ အာဖရိကနိုင်ငံများအတွက် လေ့လာသင့်သော သင်ခန်းစာများဖြစ်ကြောင်း ဇမ်ဘီယာနိုင်ငံမှ စွမ်းအင်ပညာရှင်နှင့် စီးပွားရေးအတိုင်ပင်ခံ Johnstone Chikwanda ကပြောကြားခဲ့သည်။လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု တစ်ဟုန်ထိုးမြင့်တက်မှုမှာ တိကျသော ရေရှည်စီမံကိန်းရေးဆွဲခြင်း၏ ရလဒ်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို လိုက်နာဆောင်ရွက်ရာတွင် ၎င်း၏ တစ်သမတ်တည်းရှိမှုနှင့် စိတ်ပိုင်းဖြတ်မှုကလည်း အစီအစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်စေကြောင်း တရုတ်နိုင်ငံ၏ မကြာသေးမီက အတည်ပြုခဲ့သည့် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရာတွင် Chikwanda က ပြောကြားခဲ့သည်။



