back

ရှမ်းပြည်နယ်၊ရွှေညောင်မြို့ အောင်သပြေလမ်းခွဲတွင် ယာဉ်မတော်တဆ ထပ်မံဖြစ်ပွား

Mar 25 • 1:27 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊ရွှေညောင်မြို့ အောင်သပြေလမ်းခွဲတွင် ယာဉ်မတော်တဆ ထပ်မံဖြစ်ပွား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့နယ် ရှိ အောင်သပြေအဆင်းလမ်းခွဲတွင် ယမန်နေ့တွင် Box Truck ကားတစ်စီး ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည်။"ကားဘရိတ်ပေါက်သွားတယ်လို့...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့နယ် ရှိ အောင်သပြေအဆင်းလမ်းခွဲတွင် ယမန်နေ့တွင် Box Truck ကားတစ်စီး ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည်။"ကားဘရိတ်ပေါက်သွားတယ်လို့ ပြောတယ်။ အဲ့လမ်းကအရမ်းမှောက်တယ်။ ကား‌ရော၊ ဆိုင်ကယ်ရော" ဟုပြောသည်။ရွှေညောင်မြို့ သွားလမ်း အောင်သပြေလမ်းခွဲအဆင်းသည် ယာဉ်မတော်တဆမှုများ အကြိမ်ကြိမ် ဖြစ်တတ်သည့် နေရာဖြစ်ပြီး ယာဉ်မောင်းသူများကို လုံခြုံရေးအတွက် လမ်းအဆင်းများတွင် အရှိန်လျော့ပြီး သတိထားမောင်းသင့် ကြောင်းဒေသခံများက ပြောသည်။လမ်းအဆင်းကြီးမှုကြောင့် ညဘက်ပိုင်းတွင် မောင်းသူများ သတိထားရန်လိုအပ်သည်ဟုလည်း အကြံပြုထားသည်။ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့တွင်လည်း ယင်း အဆင်းလမ်းတွင် ဆီဘောက်ဆာကားနှင့် HIJET ကား တို့အကြား ယာဉ်မတော်တဆမှု တစ်ခု ဖြစ်ပွားခဲ့ပြီးဖြစ်သည်။

news-view-count-icon

7