ရပ်နားထားတဲ့ ပြည်တွင်း ပြည်ပ လေယာဉ် ခရီးစဉ်တွေ ပြန်ပြေးဆွဲမယ်လို့ လေကြောင်းလိုင်းတွေက မတ် ၂၄ ရက် ယမန်နေ့ညက ကြေညာခဲ့ပါတယ်။ယနေ့မတ် ၂၅ ရက်ကစပြီး စတင်ပြေးဆွဲမယ်လို့ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တွေက ထုတ်ပြန်လာကြတာပါ။လေကြောင်းလိုင်းတွေကတော့ ထုတ်ပြန်လာတာမရှိသေးဘဲ ကိုယ်စားလှယ်တွေကိုပဲ Viber လို့ ချက်ဂရုပ်တွေကနေ ဆက်သွယ်လာတာ ဖြစ်ပါတယ်။မြန်မာအမျိုးသားလေကြောင်း (Myanmar National Airlines)၊ Mingalar Airlines၊ MAI၊ Air Thanlwin နဲ့ မန်းရတနာပုံ လေကြောင်းလိုင်းတို့ ပြန်ပြေးဆွဲမှာဖြစ်ပြီး မတ် ၂၅ နဲ့ ၂၆ ရက်အတွက်ပဲ ပုံမှန်ပြေးဆွဲမယ်လို့ ကြေညာထားတာကို တွေ့ရပါတယ်။လကြောင်းလိုင်းတွေရဲ့ ဝက်ဘ်ဆိုက်မှာတော့ လာမဲ့ ဧပြီလအထိ လေယာဉ်ခရီးစဉ်တွေ ရှိနေတာကိုတွေ့ရပြီး ခုံနေရာတွေ ရွေးချယ်နိုင်တာကိုလည်း တွေ့ရပါတယ်။
Mar 25 • 1:23 AM
Myanmar
Local
Share
| 43 | 0 | 0 | 0 |


