back

ရန်ကုန်မြို့ပတ်ရထား ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် မနက်ဖြန်မှစတင်၍ ပြေးဆွဲမည်

Mar 24 • 7:49 AM

breaking-news

Myanmar

Local

breaking-news
cover

ရန်ကုန်မြို့ပတ်ရထား ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် မနက်ဖြန်မှစတင်၍ ပြေးဆွဲမည်

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၌ မတ်လ ၂၅ ရက် မနက်ဖန် မှ စတင်ပြီး ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် ပြေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။အဆိုပါ ဘက်ထရ...

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၌ မတ်လ ၂၅ ရက် မနက်ဖန် မှ စတင်ပြီး ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် ပြေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။အဆိုပါ ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် မြို့ပတ်ရထား စတင်ပြေးဆွဲသည့် အခမ်းအနားကို မတ်လ ၂၅ ရက်၊ မနက် ၇ နာရီမှာ ရန်ကုန်ဘူတာကြီး၊ အမှတ် ၁ စင်္ကြံ၌ ပြုလုပ်သွားမည် ဖြစ်ပြီးယင်း မြို့ပတ်ရထားတွင် လူစီးတွဲ ၄ တွဲနှင့် ဘရိတ်တွဲ ၁ တွဲ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။ ထိုသို့ ရန်ကုန်မြို့ပတ်လမ်းပိုင်း၌ ဘက်ထရီလျှပ်စစ်စက်ခေါင်းကို အသုံးပြုသည့်အတွက် ဒီဇယ်စက် ခေါင်းအသုံးပြုမှုနှင့်နှိုင်းယှဉ်ပါက တစ်ရက်လျှင် ကျပ် ၆ သိန်းကျော်ခန့် သက်သာသွားမည် ဖြစ်ကြောင်းသိရသည်။



news-view-count-icon

27